Thursday, May 30, 2013
အမေ့အိမ်
အဲဒီမှာ တံခါးမရှိဘူး
အဲဒီမှာ ဓားမရှိဘူး
အဲဒီမှာ-
သားပြန်လာမယ့် အချိန်ကို မျှော်နေတဲ့
အိပ်မပျော်ခြင်းတွေ ရှိတယ်
အဲဒီမှာ
တစ်မြို့တစ်ရွာဆီ ဖြန့်ကြဲနေတဲ့
မေတ္တာပို့ခြင်းတွေ ရှိတယ်
အဲဒီမှာ
လူတစ်ယောက်ကို ငယ်ရွယ်သွားစေတဲ့
စိတ်ပျိုကိုယ်နု ဆေးတစ်မျိုးရှိတယ်
အဲဒီမှာ
ဝင်ရောက်ခိုနား ပျံထွက်သွားတတ်တဲ့
အစဉ်အလာတွေ ရှိတယ်
အဲဒီမှာ
လမ်းတစ်လမ်းလို ရင့်ကျက်မှုအပြည့်နဲ့
ညွှန်ပြချက်တွေ ရှိတယ်
အဲဒီမှာ
စိတ်ကူးတစ်ခုလုံး ဖြည့်စွမ်းပေးတဲ့
အနစ်နာခံစိတ်တွေရှိတယ်
အဲဒီမှာ
လရောင်နဲ့ဖျော်စပ်ထားတဲ့
ပျော်ရွှင်ခြင်းတွေ ရှိတယ်
အဲဒီမှာ
ဘယ်နေရာမှာမှ မရနိုင်တဲ့
ရင်ခုန်ဆွတ်ပျံ့တဲ့ အငွေ့အသက်တွေရှိတယ်
အဲဒီမှာ
တစ်ယောက်ပြီးတစ်ယောက်
ဘယ်သူသောက်သောက် စိတ်မကောက်တဲ့
ဆံဖြူသွားကျိုး ရေအိုးကလေးရှိတယ်
အဲဒီမှာ
အဲဒီမှာပါ
ဆိုးမိုက် ပေ တေ
ဘယ်လိုပဲ လေလွင့်ခဲ့တဲ့ သားသမီးဖြစ်ပါစေ
တံခါးဟာ ဖွင့်ထားဆဲ
အမေဟာ
အိမ်ရှေ့ လမ်းကို မျှော်ငေးနေဆဲပါ…။
အဲဒီမှာ ဓားမရှိဘူး
အဲဒီမှာ-
သားပြန်လာမယ့် အချိန်ကို မျှော်နေတဲ့
အိပ်မပျော်ခြင်းတွေ ရှိတယ်
အဲဒီမှာ
တစ်မြို့တစ်ရွာဆီ ဖြန့်ကြဲနေတဲ့
မေတ္တာပို့ခြင်းတွေ ရှိတယ်
အဲဒီမှာ
လူတစ်ယောက်ကို ငယ်ရွယ်သွားစေတဲ့
စိတ်ပျိုကိုယ်နု ဆေးတစ်မျိုးရှိတယ်
အဲဒီမှာ
ဝင်ရောက်ခိုနား ပျံထွက်သွားတတ်တဲ့
အစဉ်အလာတွေ ရှိတယ်
အဲဒီမှာ
လမ်းတစ်လမ်းလို ရင့်ကျက်မှုအပြည့်နဲ့
ညွှန်ပြချက်တွေ ရှိတယ်
အဲဒီမှာ
စိတ်ကူးတစ်ခုလုံး ဖြည့်စွမ်းပေးတဲ့
အနစ်နာခံစိတ်တွေရှိတယ်
အဲဒီမှာ
လရောင်နဲ့ဖျော်စပ်ထားတဲ့
ပျော်ရွှင်ခြင်းတွေ ရှိတယ်
အဲဒီမှာ
ဘယ်နေရာမှာမှ မရနိုင်တဲ့
ရင်ခုန်ဆွတ်ပျံ့တဲ့ အငွေ့အသက်တွေရှိတယ်
အဲဒီမှာ
တစ်ယောက်ပြီးတစ်ယောက်
ဘယ်သူသောက်သောက် စိတ်မကောက်တဲ့
ဆံဖြူသွားကျိုး ရေအိုးကလေးရှိတယ်
အဲဒီမှာ
အဲဒီမှာပါ
ဆိုးမိုက် ပေ တေ
ဘယ်လိုပဲ လေလွင့်ခဲ့တဲ့ သားသမီးဖြစ်ပါစေ
တံခါးဟာ ဖွင့်ထားဆဲ
အမေဟာ
အိမ်ရှေ့ လမ်းကို မျှော်ငေးနေဆဲပါ…။
အမေ
သူ့အသက်ငါးနှစ်….
“မေမေ.. မေမေ့စကားကို သားနားထောင်ပါမယ်။ မေမေ မသွားပါနဲ့..”
မူကြိုကျောင်းရဲ့ ကျောင်းပေါက်ဝမှာ မေမေ့ခြေထောက်ကိုဖက်ပြီး သူငိုယိုတောင်းပန်တယ်။ မေမေကထိုင်ချပြီး သူ့ပါးနှစ်ဘက်ကို လက်နှစ်ဘက်နဲ့ ကိုင်လိုက်တယ်။
“ယောက်ျားလေးဆိုတာ မျက်ရည်မကျရဘူး သား… အထဲမှာ သားနဲ့အတူ ဆော့ကစားမယ့် ကိုကိုမမတွေ အများကြီးရှိတယ်။ ပြီးတော့ ဆရာမကလည်း သားကို သီချင်းတွေ အများကြီးသင်ပေးဦးမှာ။ သား သေချာလိုက်ဆိုပြီး မေမေ့ကိုပြန်ဆိုပြနော်။ မေမေရုံးဆင်းတာနဲ့ သားကို လာကြိုမယ်” မေမေ့ပြောစကားကို သူမျက်ရည်သုတ်ပြီး ခေါင်းညိတ်ပြတယ်။
သူ့အသက်ဆယ်နှစ် ….
“မေမေ……”
ကျောင်းပေါက်ဝမှာ မေမေကိုတွေ့တာနဲ့ သူပြေးဖက်တယ်။ မေမေ့ရင်ခွင်ထဲ ဝမ်းသာအားရ သူခေါင်းလေးတိုးဝှေ့တယ်။
“ဖြေနိုင်လား သား?”
အမှတ်ပြည့်ရတဲ့ အဖြေစာရွက်ကို မေမေဆီ သူထိုးပေးတယ်။
“မေမေ့သားက တော်လိုက်တာ… လာ.. မေမေတို့ တစ်ခုခုသွားစားရအောင် သားကို ဂုဏ်ပြုရမယ်”
သူ့အသက် ဆယ့်ငါးနှစ်….
“သား မသွားချင်ဘူး.. သား ကျူရှင်မတက်ချင်ဘူး…ကျူရှင်တက်လည်း အပိုပဲ”
မေမေက စိတ်ဆိုးမာန်ဆိုးနဲ့ အဖြေလွှာစာရွက်ကို ထိုးပြပြီး “သား အမှတ်စာရင်းကို သားကြည့်ပါဦး။ ဘာဖြစ်လို့ မေမေ့စကားကို သားနားမထောင်ရတာလဲ? ဒီလိုပုံစံနဲ့ဆက်သွားရင် တက္ကသိုလ်တက်ရမှာမဟုတ်ဘူး။ သားကို ပညာတတ်စေချင်လို့ မေမေ ပိုက်ဆံအကုန်ခံပြီး ကျောင်းထားတာ၊ တစ်နေကုန် ဂိမ်းကစားဖို့ မဟုတ်ဘူး သား…” သူ တံခါးဆောင့်ပိတ်ပြီး အပြင်ကိုထွက်သွားလိုက်တယ်။ သူ့နောက်ကျောမှာ မေမေ့အသံကပ်ပါလာတယ်။
“သား……. ပြန်လာခဲ့……!!”
သူ့အသက် ၂ဝနှစ်…..
“သား အိမ်မပြန်တော့ဘူး မေမေ.. ဒီည သားသူငယ်ချင်းတွေနဲ့ ပါတီလုပ်မယ်။ အော်.. မေမေကို ပြောရဦးမယ်။ တက္ကသိုလ်ဝင်ခွင့်လျှောက်လွှာ သားဖြည့်လိုက်ပြီနော်.. ” ရီဝေဝေအသံနဲ့ မေမေဆီ သူ့ဖုန်းဆက်တယ်။
“အိမ်ပြန်လာပြီး ဖြည့်ပါလား သား… မေမေ့ကို တိုင်ပင်ပြီးမှ ဖြည့်ပါလား! မေမေ့ကိုလည်း ဘာမှမတိုင်ပင်ပဲနဲ့ သား ဘာလို့ မေမေ့စကား နားမထောင်ရတာလဲ? သား …ဘာလိုင်းဦးစားပေးလျှောက်ထားသလဲ?”
“ဟာ… မေမေကလည်း စိတ်ရှုပ်လိုက်တာ.. သားကိစ္စ သားသိပါတယ်.. မေမေ ဝင်မပါပါနဲ့..”
မေမေဘက်က ဘာမှမပြောခင် သူဖုန်းအရင်ချပစ်လိုက်တယ်။ ပြီးတော့ ခွက်ကိုကိုင်မြောက်ပြီး အပေါင်းအသင်းဘက်လှည့်လိုက်တယ်။
“သူငယ်ချင်းတို့ရေ.. လာကွာ.. ချီးယားစ်…”
သူ့အသက် ၃ဝနှစ်…..
“အရက်သောက်ဖို့ စိတ်ရှိသေးတာလား?”
သူ့လက်ထဲက ဖန်ခွက်ကို မေမေလုယူပြီး ပြောလိုက်တယ်။
“ဒီမိန်းကလေး မဆိုးပါဘူး.. မေမေ ဘယ်တော့မှ မြေးချီရမလဲ သားရယ်..”
“သူ့ကို သားမကြိုက်ဘူးမေမေ… ဟို ကောင်မလေးနဲ့ စပ်ပေး ဒီကောင်မလေးနဲ့ စပ်ပေး မလုပ်နဲ့တော့မေမေ။ သားကို နေရာလပ်လေးတစ်ခုပေးပါ…”
“မေမေ့စကားကို တစ်ခေါက်လောက် နားထောင်ပေးပါလား သား? မေမေ ပြောမယ်….”
“ဟာ……. သား နားမထောင်ဘူး… ငယ်ငယ်လေးကတည်းက အခုချိန်ထိ မေမေ့စကားကို သားနားထောင်နေခဲ့တာ.. မေမေ ပြောတာတွေ ဘယ်လောက်မှန်လို့လဲ? ဘယ်လောက်မှန်လဲ?”
သူ့အသက် ၄ဝ…..
“ပိုက်ဆံက ဘယ်လောက်မှ မများပါဘူး။ လိုအပ်တာဝယ်ဖို့ မေမေအတွက် သားပိုက်ဆံထည့်ပေးလိုက်တယ်။ ပိုက်ဆံလိုတဲ့အခါ ဖုန်းထပ်ဆက်လိုက်ပေါ့…”
“မေမေ ဘာမှမလိုဘူးသား… နှစ်ကုန်တဲ့အခါ မြေးတွေခေါ်ပြီး အိမ်ပြန်ခဲ့ပါဦး.. သားတို့ကို မေမေလွမ်းလို့ပါ.. ပြီးတော့ သားကို မေမေပြောပြစရာတစ်ခုရှိတယ်…”
“နှစ်ကုန်ရင် ကုမ္ပဏီကလုပ်ငန်းတိုးချဲ့မယ်တဲ့။ သား တော်တော်နဲ့ ပြန်လာဖြစ်မှာ မဟုတ်ဘူး မေမေ… နောက်ကြုံမှ ပြောကြတာပေါ့…” ဖုန်းကို သူအရင်ချပစ်လိုက်တယ်။
သူ့အသက် ၄၁နှစ်…..
စီးကရက်တစ်လိတ်ကို ဖွာရင်း စာတိုက်ကပို့လာခဲ့တဲ့ စာတစ်စောင်ကို သူကြည့်နေမိတယ်။ စာအိတ်ပေါ်မှာ ပေးပို့သူလိပ်စာ မပါဘူး။ စာအိတ်ကို ဖောက်ကြည့်တော့ စာအိတ်ထဲမှာ.... သားအဖြစ် မွေးစားစာချုပ်တစ်စောင်၊ သေဆုံးကြောင်း ဆေးလက်မှတ်တစ်စောင်…. ဆေးလိတ်မီးခိုးငွေ့ကြားမှာ သူ့အမြင်တွေ မှုန်ဝါးသွားခဲ့တယ်။
အုတ်ဂူတစ်ခုရှေ့မှာ သူဒူးထောက်နေမိတာ ဘယ်လောက်ကြာခဲ့မှန်း မသိတော့ဘူး။ သူ့နှလုံးသားတွေ ကွဲအက်မွကြေလို့… ဆို့နင့်တဲ့အသံနဲ့ မေမေကြားနိုင်ဖို့ နောက်ဆုံးစကားတစ်ခွန်း သူပြောလိုက်တယ်။ တမလွန်က မေမေ သူ့အသံကို ကြားနိုင်ပါစေ…
“မေမေ… မေမေ့စကားကို သားနားထောင်ပါတော့မယ်.. မေမေ ထွက်မသွားပါနဲ့…”
နိုင်းနိုင်းစနေ

နွေရာသီတွင် စားသင့်သော အရည်ရွှမ်းသည့် သစ်သီးများ
နွေရာသီမှာ စားသင့်တဲ့ ဗီတာမင်ဓာတ် ပေါကြွယ်ဝတဲ့ အရည်ရွှမ်း သစ်သီး တွေကို ဖော်ပြ ပေးလိုက် ပါတယ်။
၁။ သင်္ဘောသီး
သင်္ဘောသီးမှာ ပျော့ပျောင်းပြီး ထောပတ်လို အနှစ်သား ပါဝင်ကာ ထုတ်ရ လွယ်တဲ့ အစေ့ ငယ်တွေ ပါဝင် နေပါတယ်။ အလောတော် သင်္ဘောသီး တစ်လုံးဟာ လက်မ ၂၀ လောက်ကြီးပြီး ခုနစ်လက်မလောက် ရှည်ပါတယ်။ သင်္ဘောသီးမှာ ၁၀ကယ်လိုရီ ပါဝင်ပြီး ဗီတာမင်စီ အများအပြား၊ ဖောလိတ်နဲ့ ပိုတက်စီယမ် အများအပြား ပါဝင် နေပါတယ်။ သင်္ဘောသီးမှာ Papain အင်ဒီဇိုင်း ပါဝင်တဲ့အတွက် အသား ဟင်းချက်ရာမှာ ထည့်သုံးရင် နူးအိ လွယ်သလို စားပြီးချိန်မှာလည်း အစာကြေ လွယ်ပါတယ်။

၂။ သရက်သီး
သရက်သီးဟာ အစိမ်း၊ အဝါကနေ အနီရောင် အထိ အရောင် အမျိုးမျိုး ရှိပါတယ်။ သရက် သီးမှာ ဗီတာမင်အေနဲ့ ဗီတာမင်စီ၊ ပိုတက် စီယမ်နဲ့ အမျှင်ဓာတ် ပေါကြွယ်ဝစွာ ပါဝင် နေပါတယ်။ သရက်သီးကို အခွံပါးခွားပြီး အစေ့ကို ဖယ်ထုတ်ကာ စားသုံးနိုင်ပါတယ်။
၃။ စူကာသီး
အနံ့စူးရှပြီး ကြက်ဥ၊ ဘဲဥ ပုံသဏ္ဍာန် လောက်ရှိတဲ့ စူကာသီးမှာ ဗီတာမင်အေ၊ ဗီတာမင်စီ၊ ပိုတက်စီယမ်ဓာတ်နဲ့ အမျှင်ဓာတ် ပေါကြွယ်ဝစွာ ပါဝင်နေပါတယ်။ စူကာသီးကို အဆီနည်း ဒိန်ချဉ်ထဲနဲ့ သစ်သီးသုပ်ထဲ ထည့်စား နိုင်ပါတယ်။
၎။ မာလကာသီး
မာလကာသီးရဲ့ အရသာဟာ သစ်တော်သီးနဲ့ ဆင်ပြီး မာလကာသီးဟာ ပျမ်းမျှအားဖြင့် ၂-၄ လက်မ လောက်ရှိပါတယ်။ မာလကာသီးမှာ ဗီတာမင်စီ အများဆုံး ပါဝင်နေပြီး ဗီတာမင်အေ၊ အမျှင်ဓာတ်၊ ပိုတက်စီယမ်နဲ့ ဖော့စ်ဖာရပ်စ်လည်း ပါဝင်ပါတယ်။
၅။ စောင်းလျားသီး
ချဉ်တဲ့ အရသာရှိပြီး အရည်ရွှမ်းတဲ့ စောင်းလျားသီးတွေဟာ အရှေ့တောင် အာရှမှာ တွေ့ရပါတယ်။ စောင်းလျားသီး တစ်လုံးလုံးကို သုပ်ပြီးလည်း စားနိုင်ပါတယ်။ စောင်းလျား သီးမှာ ဆီးကျောက် တည်စေတဲ့ Oxalic acid ပါဝင် တာကြောင့် ကျောက်ကပ် ရောဂါသည်တွေ အနေနဲ့ စောင်းလျား သီးကို လုံးဝ မစားသင့်ပါဘူး။
၆။ တလည်းသီး
တလည်းသီးဟာ ပန်းသီး အရွယ်လောက် ရှိပြီး အနီရဲ ရောင်အသီးမှာ ပတ္တမြားလို နီရဲနေတဲ့ အစေ့ တွေနဲ့ ပြည့်နေ တတ်ပါတယ်။ အစေ့တွေဟာ ချိုရဲပြီး အရည်ရွမ်း ပါတယ်။ တလည်းစေ့ကို အဆီနည်း ဒိန်ချဉ်ထဲ ထည့်ပြီး ဒါမှမဟုတ် အချိုပွဲမှာ ထည့်ပြီး စားသုံးနိုင်ပါတယ်။ တလည်းစေ့ ခွက် တစ်ဝက်စာမှာ ၈၀ ကယ်လိုရီ ပါဝင်ပါတယ်။
၇။ ကီဝီသီး
ကီဝီသီး တစ်လုံးဟာ ပျမ်းမျှအားဖြင့် ၇၀ ကယ်လိုရီခန့် ပါဝင်ပြီး ပိုတက်စီယမ်နဲ့ အမျှင်ဓာတ် များစွာ ပါဝင်နေပါတယ်။ ကီဝီသီးမှာ ပါဝင်တဲ့ ဗီတာမင်စီ ဓာတ်ဟာ လိမ္မော်သီးမှာထက် နှစ်ဆပိုများပြီး နှစ်နှစ် ခြိုက်ခြိုက် အိပ်ပျော် အောင် ကူညီ အားပေး ပါတယ်။ ကီဝီသီးကို ဖျော်ရည်၊ ယိုအဖြစ် တွေ့ရသလို ဒိန်ချဉ်နဲ့ တွဲပြီးလည်း စားနိုင် ပါတယ်။
သင် ဘယ်လိုလူနဲ့ အတူနေမလဲ
ဒီအပေါ်က သိမ်မွေ့လေးနက်တဲ့ စာစုလေးကို
တော်တော်လေးနှစ်သက်မိလို့ ဘလော့ဂ်မှာ မှတ်သားသင့်သော စာစုများဆိုတဲ့
ခေါင်းစဉ်အောက်မှာ တမြတ်တနိုးသိမ်းထားလိုက်ပါတယ်။
တချိန်ထဲမှာပဲ စိတ်ထဲဝင်ရောက်လာတဲ့ အတွေးလေးတွေကို ချရေးထားလိုက်မိပါတော့တယ်။ ဘာရယ်မဟုတ် ကိုယ့်ကိုယ်ကို ပြန်ဆုံးမထားတဲ့ အတွေးလေးတွေကို အမှတ်တရ ချရေးထားတာပဲဖြစ်ပါတယ်။
*************************************************
ကိုယ်ကိုတိုင်က လရောင်နဲ့တူတဲ့လူတွေနဲ့ စိတ်အေးချမ်းသာစွာ နေချင်သလို...
ကိုယ့်ကိုယ်ကိုလည်း
လရောင်နဲ့တူတဲ့လူဖြစ်အောင် ကိုယ့်စိတ်နဲ့ကိုယ် စိတ်အေးချမ်းသာစွာ
နေတတ်တဲ့သူဖြစ်အောင် သတိနဲ့ဆင်ဆင်ခြင်ခြင် နေတတ်ဖို့လည်းလိုပါလိမ့်မယ်။
ကိုယ်ကိုတိုင်က
စိတ်ဓာတ်ခိုင်မာရင့်ကျက်ပြီး ပျော်ရွှင်ပေါ့ပါးစွာနေတတ်တဲ့လူတွေနဲ့
ဘ၀ထဲကနေ့ရက်များစွာကို ပျော်ပျော်ပါးပါးဖြတ်သမ်းချင်သလို...
ကိုယ့်ကိုယ်ကိုလည်း
တော်ရုံတန်ရုံ စိတ်ထိခိုက်မှုနဲ့ရင်ဆိုင်ကြုံတွေ့ရမယ့်ကိစ္စတွေမှာ
ခံနိုင်ရည်ရှိအောင် ပြင်ဆင်ထားတတ်ဖို့လည်း လိုပါလိမ့်မယ်။
ကိုယ်ကိုတိုင်က ကိုယ်ပိုင်အရည်အချင်းကောင်းတွေနဲ့ပြည့်စုံပြီး မတွေဝေတတ်တဲ့လူတွေနဲ့ ဘ၀ကို ရဲရဲကြီးလျှောက်လှမ်းချင်သလို....
ကိုယ့်ကိုယ်ကိုလည်း
ကိုယ်လုပ်နိုင်မယ်လို့ ယူဆတဲ့လုပ်ရပ်မျိုးတွေကို ယုံကြည်မှုအပြည့်နဲ့
နောက်မဆုတ်တန်း လုပ်ရဲတဲ့သူဖြစ်အောင် ကိုယ့်ရဲ့စိတ်ဓာတ်ရော အသိပညာ
အရည်အချင်းကိုပါ ပြည့်စုံသထက် ပြည့်စုံလာအောင် ကြိုးစားအားထုတ်တတ်ဖို့
လိုပါလိမ့်မယ်။
ကိုယ်ကိုတိုင်က သဘောထားပြည့်ဝတဲ့လူတွေရဲ့ ခွင့်လွတ်နားလည်စိတ်ကို မြင်တွေ့ခွင့်ရသလို...
ကိုယ့်ကိုယ်ကိုလည်း
တနေ့တခြား စိတ်နေစိတ်ထား မြင့်မြတ်လာတဲ့သူတစ်ယောက်ဖြစ်အောင်
ကိုယ့်ရဲ့စိတ်ဓာတ်အင်အားကို ပြုစုပျိုးထောင်ပေးတတ်ဖို့ လိုပါလိမ့်မယ်။
ကိုယ်ကိုတိုင်က အရာရာကို တည်ငြိမ်စွာ ဆုံးဖြတ်နိုင်ဖို့ ရင့်ကျက်တဲ့လူတွေနဲ့ နေချင်သလို...
ကိုယ့်ကိုယ်ကိုလည်း
စိတ်နေသဘောထား ရင့်ကျက် တည်ကြည်ဖြောင့်မတ်ပြီး
အရေးတကြီးကိစ္စတွေနဲ့ပတ်သက်လို့ လေးလေးနက်နက် တွေးတော ပြောဆိုတတ်သူဖြစ်အောင်
လေ့ကျင့်ယူရပါလိမ့်မယ်။
အမှန်တိုင်းဝန်ခံရရင်
အမြဲတိုင်း ဒီလို စိတ်နေသဘောထားနဲ့နေထိုင်တတ်ဖို့ဆိုတာ တကယ်တော့ မလွယ်ပါ။
အသက်ကြီးလာတာနဲ့အမျှ ဘ၀ထဲက နေ့ရက်များစွာကို အခုလက်ရှိရေးသားထားသလို
ဖြတ်သမ်းနိုင်ခဲ့မယ်ဆိုရင် ကျေနပ်ပါပြီ။ တကယ်တော့ လူဆိုတာ
သူများနဲ့အတူနေရတဲ့ အချိန်က ကိုယ်တစ်ယောက်တည်း ကိုယ့်စိတ်နဲ့ကိုယ်
အတူနေရသလောက် ဘယ်လိုနည်းနဲ့မှ မများနိုင်ပါဘူး။ ဒါကြောင့်လည်း ဒီပို့စ်ရဲ့
ခေါင်းစဉ်ကို သင် ဘယ်လိုလူနဲ့ အတူနေမလဲ လို့ပေးလိုက်တာပဲဖြစ်ပါတယ်။
နောက်ဆုံးသစ်ရွက်အကြို မိတ်ဆွေများသို့ တေးသံသာ
လူတိုင်းလူတိုင်းမှာ ကိုယ်ပိုင်ခံယူချက် ဒဿန-အပိုင်းအစလေးတွေတော့
ရှိစမြဲပေါ့..။ သို့သော်လည်း ဘ၀ခရီးလမ်းကို လျှောက်လှမ်းတဲ့အခါ
တသမတ်တည်းရပ်တည်လို့တော့ မရဘူး။ လမ်းဘေးမှာပေါက်နေတဲ့
အထီးကျန်သစ်ပင်ကြီးလို “ငါ..ဘယ်တော့မှ မပြောင်းလဲဘူး”လို့
ကြွေးကြော်နေရင်တော့ တချိန်ချိန်မှာ လူမှုဝန်းကျင်နဲ့ဝေးရာကို
ရောက်သွားနိုင်တယ်။ ။
ငါတို့တတွေ ဘယ်သူ့အတွက်ပဲလုပ်လုပ် စေတနာထားပြီးလုပ်ရမယ်။
စေတနာမပါတဲ့အလုပ်ဟာ ပါရမီမမြောက်ဘူး။ ချစ်တဲ့သူကို ကူညီတာပဲဖြစ်ဖြစ်,
မုန်းတဲ့သူကို ဖေးမတာပဲဖြစ်ဖြစ် အကောင်းဆုံးမပေးနိုင်ရင်
ပေးနိုင်သလောက်လေးနဲ့ ရောင့်ရဲမနေပါနဲ့။ ။ ။
ကိုယ်မကြိုက်တဲ့အရာကို သူတစ်ပါးကို မပေးမိဖို့လိုတယ်။ ဒါ့အပြင်
ဘာမှမထူးခြားလို့ ဥပေက္ခာပြုတာမျိုးလောက်ကတော့ ချီးကျူးခံအဆင့်တောင်
မ၀င်ပါဘူး။ ကိုနှစ်သက်တဲ့အရာကို တခြားသူကိုပေးတဲ့ စွန့်လွှတ်မှုမျိုးကမှ
ဂုဏ်ပြုထိုက်တာလေ..။
ပေးတယ်ဆိုတဲ့နေရာမှာ ရွှေငွေပေးမှရယ်မဟုတ်ဘူး။ ကန္တာရထဲမှာ
ဒုက္ခရောက်နေသူကို ဒေါ်လာတစ်သောင်းပေးလို့ ကူညီရာမရောက်ဘူး။ သူ့အတွက်
တကယ်လိုအပ်နေတဲ့ ရေတစ်ပေါက်မျှဝေမှ စစ်မှန်တဲ့ဒါနဖြစ်တာ။ ။ ။
ဒါန-ရဲ့အကျိုးဆက်အတွက် ကဗ္ဗည်းထိုးဖို့ မလိုအပ်ပါဘူး။
လိုက်လျှောက်ညီထွေရှိတဲ့ ကောင်းမှုကုသိုလ်ပြုရင် လိုက်လျောညီထွေဖြစ်တဲ့
အကျိုးတော့ ခံစားရမှာပဲ…။
ဘ၀မှာ ကိုယ့်ကိုယ်ကို ကောင်းမွန်တဲ့သူတစ်ယောက်အဖြစ် ရပ်တည်ချင်ရင်
သူတစ်ပါးရဲ့ ခံစားချက်တွေကို ညီတူညီမျှခံစားပေးနိုင်ရမယ်။ တစ်ခါတစ်လေ
ဝေဒနာဆိုတာ ရင်ဖွင့်လိုက်မှ ဖြေသာရာရတာလေ..။ အဲဒီတော့
အားပေးစကားပြောပြီးတော့ နှစ်သိမ့်ပေးရမယ့်အပြင် အကြံပေးစကားနဲ့လည်း
သူ့ကို မြှင့်တင်ပေးနိုင်ရမယ်…။
မြစ်ရဲ့ ဒီဘက်ကမ်းမှာ မီကျောင်းတစ်ကောင်နဲ့လိပ်တစ်ကော
င်ရှိမယ်။
ဟိုဘက်ကမ်းနားမှာလည်း
မိကျောင်းတစ်ကောင်နဲ့လိပ်တစ်ကောင်ရှိမယ်-ဆိုကြပါစို့… ဒီဘက်ကမ်းကလိပ်နဲ့
ဒီဘက်ကမ်းကမိကျောင်း ပေါင်းစပ်မိတ်ဖွဲ့မှာ မဟုတ်ဘူး။ ဒီဘက်ကမ်းက
မိကျောင်းက ဟိုဘက်ကမ်းက မိကျောင်းဆီသွားလိမ့်မယ်။ ဟိုဘက်ကမ်းက လိပ်ကလည်း
ဒီဘက်ကမ်းကလိပ်ဆီ လာလိမ့်မယ်..။ ပြောချင်တာက ကိုယ်နဲ့သဘောတူတဲ့သူကိုပဲ
အပေါင်းအသင်းလုပ်ကြမှာ..။ အဲဒါနဲ့ပတ်သက်တဲ့ ကိုယ်ပိုင်ဒဿနလေးကတော့-
“စရိုက်မတူ ညီအစ်ကိုချင်း လက်ချင်းဆက်နေခြင်းထက် စရိုက်တူရန်သူနှင့်
လည်ပင်းဖက်နေရခြင်းက ပိုကောင်းတယ်”လို့…။
ပြီးတော့ စကားပြောတဲ့အခါမှာ တော်တော်သတိထားရမယ်၊
ကိုပြောလိုက်တဲ့စကားလေးတစ်ခွန်းက အပြောခံလိုက်ရသူအတွက်
အဓိပ္ပါယ်နှစ်မျိုး ဖြစ်စေမယ်ဆိုရင် ရှောင်နိုင်သလောက် ရှောင်ရမယ်..။
ဘာကြောင့်လဲဆိုတော့---
ပြဿနာအစ ပါးစပ်က၊
ပါးစပ်မှာ-ဓား သတိထား၊
အကျိုးရှိ/မရှိ ၊ ဆင်ခြင်ကြည့်…
အကျိုးရှိမှ- ပြော..၊
ပြောသင့်/မပြောသင့်- ချိန်ခါချင့်
ပြောသင့်ခါမှ- ပြော…လို့ ရှေးလူကြီးတွေ မီးမောင်းထိုးပြခဲ့တဲ့
စကားလုံးတွေကြောင့်ပေါ့။
ကဲ… အဲဒီတော့ ဆင်ခြင်စရာတွေ, လိုက်နာစရာတွေ, မှတ်သားစရာတွေကတော့
တို့ပတ်ဝန်းကျင်မှာ အများကြီးပဲ..။ ဒါပေမယ့် ယူတတ်တဲ့သူပဲ- ရတာလေ..။
သိသူဖော်စား မသိသူကျော်သွား-ဆိုသလိုမျိုးပေါ့..။ ကျော်သွားသူတွေကိုတော့
ထားလိုက်ပါ..။ ကိုယ်ကတော့ ဖော်စားနိုင်တဲ့သူဖြစ်အောင် ကြိုးစားရမယ်။
နောက်ဆုံးတော့ အရာရာကို လွှတ်ချရမှာပါပဲ…။ ဒါကိုလည်း လူတိုင်းသိကြပါတယ်…။
အဲဒီတော့ သေခြင်းတရားဆိုတဲ့ တံခါးဝဆီမရောက်ခင် လောကကြီးအတွက် တစ်ခုခုတော့
ချန်ရစ်ခဲ့နိုင်ရမယ်…။ ဒါကြောင့်မို့ နောက်ဆုံးသစ်ရွက်လေးမကြွေခင်
ဒီလိုစကားလေးတွေကို မိတ်ဆွေတွေဆီ ဧည့်ဝတ်ပြုလိုက်တာပါ….။
အားလုံး စိတ်ချမ်းသာ ကိုယ်ကျန်းမာစွာနဲ့
အနာဂတ်ခရီးလမ်းကို လျှောက်လှမ်းနိုင်ကြပါစေ….
အရှင်ပဏ္ဍိတ(ဒေါင်းဖြူ)

ဆရာဟူသည်
တပည့်မရှား တပြားမရှိ
ပီတိကိုစား အားရှိပါ၏။
ထိုဆိုရိုးစကား သူပုံထား၍
လျော်ညီကျင့်ဖွယ် ဤငါးသွယ်ကို
မပြတ်လိုက်နာ နာသုံးနာဖြင့်
မေတ္တာရှေ့ထား ဆုံးမပေးသည်
လေးစားရသော ဤမြတ်ဆရာသည်။
မိရင်းဖသဖွယ် သူကျင့်ရွယ်၍
မကောင်းမြစ်တား ကောင်းရာညွှန်လျက်
အောင်မြင်လမ်းဆီ မှန်းဆရည်ပြီး
အတတ်ဟူသမျှ ကုန်သွန်ချလျက်
သင်ကြားမျှဝေ ပြုပြင်ပေးသည်
တုနှိုင်းမမှီသော ဤဂရုဏာသည်။
တပည့်ထွန်းပေါက် သြဇာမြောက်ချိန်
မမျှော်ရည်ရွယ် ခြူးတစ်ပြားရယ်မျှ
ပီတိအပြုံး သူခြယ်မှူန်း၍
ဒါမှငါ့တပည့် တော်လှရဲ့ဟု
ဂုဏ်ယူကြွေးကြော် သူဟစ်အော်သည်
သြော်….
ဆပ်၍မကုန်နိုင်သော ကျေးဇူးရှင်များပေတကား။
Subscribe to:
Posts (Atom)