လူတိုင်းလူတိုင်းမှာ ကိုယ်ပိုင်ခံယူချက် ဒဿန-အပိုင်းအစလေးတွေတော့
ရှိစမြဲပေါ့..။ သို့သော်လည်း ဘ၀ခရီးလမ်းကို လျှောက်လှမ်းတဲ့အခါ
တသမတ်တည်းရပ်တည်လို့တော့ မရဘူး။ လမ်းဘေးမှာပေါက်နေတဲ့
အထီးကျန်သစ်ပင်ကြီးလို “ငါ..ဘယ်တော့မှ မပြောင်းလဲဘူး”လို့
ကြွေးကြော်နေရင်တော့ တချိန်ချိန်မှာ လူမှုဝန်းကျင်နဲ့ဝေးရာကို
ရောက်သွားနိုင်တယ်။ ။
ငါတို့တတွေ ဘယ်သူ့အတွက်ပဲလုပ်လုပ် စေတနာထားပြီးလုပ်ရမယ်။
စေတနာမပါတဲ့အလုပ်ဟာ ပါရမီမမြောက်ဘူး။ ချစ်တဲ့သူကို ကူညီတာပဲဖြစ်ဖြစ်,
မုန်းတဲ့သူကို ဖေးမတာပဲဖြစ်ဖြစ် အကောင်းဆုံးမပေးနိုင်ရင်
ပေးနိုင်သလောက်လေးနဲ့ ရောင့်ရဲမနေပါနဲ့။ ။ ။
ကိုယ်မကြိုက်တဲ့အရာကို သူတစ်ပါးကို မပေးမိဖို့လိုတယ်။ ဒါ့အပြင်
ဘာမှမထူးခြားလို့ ဥပေက္ခာပြုတာမျိုးလောက်ကတော့ ချီးကျူးခံအဆင့်တောင်
မ၀င်ပါဘူး။ ကိုနှစ်သက်တဲ့အရာကို တခြားသူကိုပေးတဲ့ စွန့်လွှတ်မှုမျိုးကမှ
ဂုဏ်ပြုထိုက်တာလေ..။
ပေးတယ်ဆိုတဲ့နေရာမှာ ရွှေငွေပေးမှရယ်မဟုတ်ဘူး။ ကန္တာရထဲမှာ
ဒုက္ခရောက်နေသူကို ဒေါ်လာတစ်သောင်းပေးလို့ ကူညီရာမရောက်ဘူး။ သူ့အတွက်
တကယ်လိုအပ်နေတဲ့ ရေတစ်ပေါက်မျှဝေမှ စစ်မှန်တဲ့ဒါနဖြစ်တာ။ ။ ။
ဒါန-ရဲ့အကျိုးဆက်အတွက် ကဗ္ဗည်းထိုးဖို့ မလိုအပ်ပါဘူး။
လိုက်လျှောက်ညီထွေရှိတဲ့ ကောင်းမှုကုသိုလ်ပြုရင် လိုက်လျောညီထွေဖြစ်တဲ့
အကျိုးတော့ ခံစားရမှာပဲ…။
ဘ၀မှာ ကိုယ့်ကိုယ်ကို ကောင်းမွန်တဲ့သူတစ်ယောက်အဖြစ် ရပ်တည်ချင်ရင်
သူတစ်ပါးရဲ့ ခံစားချက်တွေကို ညီတူညီမျှခံစားပေးနိုင်ရမယ်။ တစ်ခါတစ်လေ
ဝေဒနာဆိုတာ ရင်ဖွင့်လိုက်မှ ဖြေသာရာရတာလေ..။ အဲဒီတော့
အားပေးစကားပြောပြီးတော့ နှစ်သိမ့်ပေးရမယ့်အပြင် အကြံပေးစကားနဲ့လည်း
သူ့ကို မြှင့်တင်ပေးနိုင်ရမယ်…။
မြစ်ရဲ့ ဒီဘက်ကမ်းမှာ မီကျောင်းတစ်ကောင်နဲ့လိပ်တစ်ကော
င်ရှိမယ်။
ဟိုဘက်ကမ်းနားမှာလည်း
မိကျောင်းတစ်ကောင်နဲ့လိပ်တစ်ကောင်ရှိမယ်-ဆိုကြပါစို့… ဒီဘက်ကမ်းကလိပ်နဲ့
ဒီဘက်ကမ်းကမိကျောင်း ပေါင်းစပ်မိတ်ဖွဲ့မှာ မဟုတ်ဘူး။ ဒီဘက်ကမ်းက
မိကျောင်းက ဟိုဘက်ကမ်းက မိကျောင်းဆီသွားလိမ့်မယ်။ ဟိုဘက်ကမ်းက လိပ်ကလည်း
ဒီဘက်ကမ်းကလိပ်ဆီ လာလိမ့်မယ်..။ ပြောချင်တာက ကိုယ်နဲ့သဘောတူတဲ့သူကိုပဲ
အပေါင်းအသင်းလုပ်ကြမှာ..။ အဲဒါနဲ့ပတ်သက်တဲ့ ကိုယ်ပိုင်ဒဿနလေးကတော့-
“စရိုက်မတူ ညီအစ်ကိုချင်း လက်ချင်းဆက်နေခြင်းထက် စရိုက်တူရန်သူနှင့်
လည်ပင်းဖက်နေရခြင်းက ပိုကောင်းတယ်”လို့…။
ပြီးတော့ စကားပြောတဲ့အခါမှာ တော်တော်သတိထားရမယ်၊
ကိုပြောလိုက်တဲ့စကားလေးတစ်ခွန်းက အပြောခံလိုက်ရသူအတွက်
အဓိပ္ပါယ်နှစ်မျိုး ဖြစ်စေမယ်ဆိုရင် ရှောင်နိုင်သလောက် ရှောင်ရမယ်..။
ဘာကြောင့်လဲဆိုတော့---
ပြဿနာအစ ပါးစပ်က၊
ပါးစပ်မှာ-ဓား သတိထား၊
အကျိုးရှိ/မရှိ ၊ ဆင်ခြင်ကြည့်…
အကျိုးရှိမှ- ပြော..၊
ပြောသင့်/မပြောသင့်- ချိန်ခါချင့်
ပြောသင့်ခါမှ- ပြော…လို့ ရှေးလူကြီးတွေ မီးမောင်းထိုးပြခဲ့တဲ့
စကားလုံးတွေကြောင့်ပေါ့။
ကဲ… အဲဒီတော့ ဆင်ခြင်စရာတွေ, လိုက်နာစရာတွေ, မှတ်သားစရာတွေကတော့
တို့ပတ်ဝန်းကျင်မှာ အများကြီးပဲ..။ ဒါပေမယ့် ယူတတ်တဲ့သူပဲ- ရတာလေ..။
သိသူဖော်စား မသိသူကျော်သွား-ဆိုသလိုမျိုးပေါ့..။ ကျော်သွားသူတွေကိုတော့
ထားလိုက်ပါ..။ ကိုယ်ကတော့ ဖော်စားနိုင်တဲ့သူဖြစ်အောင် ကြိုးစားရမယ်။
နောက်ဆုံးတော့ အရာရာကို လွှတ်ချရမှာပါပဲ…။ ဒါကိုလည်း လူတိုင်းသိကြပါတယ်…။
အဲဒီတော့ သေခြင်းတရားဆိုတဲ့ တံခါးဝဆီမရောက်ခင် လောကကြီးအတွက် တစ်ခုခုတော့
ချန်ရစ်ခဲ့နိုင်ရမယ်…။ ဒါကြောင့်မို့ နောက်ဆုံးသစ်ရွက်လေးမကြွေခင်
ဒီလိုစကားလေးတွေကို မိတ်ဆွေတွေဆီ ဧည့်ဝတ်ပြုလိုက်တာပါ….။
အားလုံး စိတ်ချမ်းသာ ကိုယ်ကျန်းမာစွာနဲ့
အနာဂတ်ခရီးလမ်းကို လျှောက်လှမ်းနိုင်ကြပါစေ….
အရှင်ပဏ္ဍိတ(ဒေါင်းဖြူ)
Subscribe to:
Post Comments (Atom)
No comments:
Post a Comment